မက်မန်း မေ ၃၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးအခမ်းအနားနှင့် ကျောင်းသုံးပစ္စည်းများ၊ ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အထက-မက်မန်းရှိ အောင်ရတနာ(၁) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနား၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းသုံးပစ္စည်းနှင့် ကျောင်းဝတ်စုံများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှလည်းကောင်း၊ အမှတ်(၁၀၁၀) နယ်ခြားစောင့်တပ် တပ်မှူး ဗိုလ်မှူးစိုင်းယီမှလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှလည်းကောင်း၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှလည်းကောင်း၊ ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှလည်းကောင်း သက်ဆိုင်ရာ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာ/ ဆရာမများထံသို့ အသီးသီးထောက်ပံ့ပေးအပ်ကြ၍ မြို့နယ်ပညာရေးမှူး ဦးခင်မောင်ကျော်က တက်ရောက်လာကြသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမှတ် (၁၀၁၀) နယ်ခြားစောင့်တပ် တပ်မှူး ဗိုလ်မှူးစိုင်းယီနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးဝင်းစိုး(ခရိုင်၊ ပြန်/ဆက်)