လှိုင်သာယာ(အနောက်ပိုင်း) အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုလျော့ကျရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ်(၁၇)ရပ်ကွက် အ.ထ.က(၃) အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာနှင့် သောက်ရေသန့်နှင့် ထမင်းဘူးများကို ယနေ့နံနက် (၁၀)နာရီခန့်က လာရောက် လှူဒါန်းသည်။
ထိုသို့ လှူဒါန်းပေးအပ်ရာတွင် ကွန်းခိုရာပရဟိတအဖွဲ့မှ အမှတ်(၁၇)ရပ်ကွက် အ.ထ.က(၃) ကျောင်း Quarantine Centre အတွက် သောက်ရေသန့် (၄၀)ကတ်နှင့် နေ့လည်စာ ထမင်းဘူများ၊ KTM သောက်ရေသန့်မှ အ.ထ.က(၃) ကျောင်း အသွားအလာကန့်သတ စောင့်ကြည့်နေရာ အတွက် သောက်ရေသန့်ကတ် (၁၅၀) တို့အား လာရောက်လှူဒါန်းခဲ့ပြီး လှိုင်သာယာကိုဗစ်−၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီကိုယ်စား အမှတ်(၁၇)ရပ်ကွပ် အုပ်ချုပ်ရေးမှူးမှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ် အတွင်းရှိ ပြည်သူများမှလည်း ပူးပေါင်းပါဝင်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)