မင်္ဂလာဒုံ အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ပုလဲမြို့သစ်ဆေးရုံရှိ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ကန့်သတ်စောင့်ကြည့်သူများ အတွက် အလှူရှင်များမှ ခေါက်ဆွဲကြော်ပွဲ (၁၁၀)ကို ယနေ့ နံနက် ၁၀ နာရီက လာရောက် လှူဒါန်းခဲ့သည်။
လှူဒါန်းရာတွင် ပုလဲလမ်းဆုံရှိ ဦးမြင့်ဦး ကုဋေကြွယ် မိသားစု စားဖွယ်စုံ နှင့် ဝန်ထမ်းများက နေ့လယ်စာအတွက် ခေါက်ဆွဲကြော် ပွဲ (၁၁၀)အား လာရောက်လှူဒါန်းရာ ပုလဲမြို့သစ်ဆေးရုံရှိ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်း သိရသည်။
ဇင်ငြိမ်း(ပြန်/ဆက်)