ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ပြည်သူ့ဆေးရုံသို့ သန်လျင်မြို့ ဓမ္မစက္ကပဝတ္တနကာရီ ကိုဗစ်အထောက်အကူပြုအဖွဲ့မှ ဆေးဝါးပစ္စည်းများ လာရောက်လှူဒါန်း

တံတား  အောက်တိုဘာ ၇

ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ပြည်သူ့ဆေးရုံသို့ သန်လျင်မြို့ ဓမ္မစက္ကပဝတ္တနကာရီ ကိုဗစ်အထောက်အကူပြုအဖွဲ့မှ ဆေးဝါးများနှင့် နှာခေါင်းစည်း Masks များကို ယနေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် သန်လျင်မြို့ ဓမ္မစက္ကပဝတ္တနကာရီ ကိုဗစ်အထောက်အကူပြုအဖွဲ့မှ အိန္ဒိယနိုင်ငံထုတ် အဖျားပိုးသတ်ဆေး ၁ ဘူးလျှင် ကဒ် ၃၀ ပါ (၂၅) ဗူး၊ ချောင်းဆိုးပျောက်ဆေးဘူး (၁၀၀)၊ ၁ ဘူးလျှင် အလုံး ၃၀ ပါ အားဆေးဘူး (၁၀၀)နှင့် နှာခေါင်းစည်း Mask (၅၀၀)ခု စုစုပေါင်း တန်ဖိုးငွေ (၈)သိန်းကျပ်ရှိ ‌ ဆေးဝါးပစ္စည်းများအား တံတားမြို့ရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများ၊သံသယလူနာများနှင့် ကျန်းမာရေးဝန်ထမ်းများ အသုံးပြုရန် အတွက်လှူဒါန်းရခြင်းဖြစ်ပြီး တံတားမြို့ ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာ ကျော့ဦးရွှေ က လှူဒါန်းမှုအား လက်ခံရယူခဲ့ကြောင်း သိရသည်။

တင်နိုင်ဝင်း (ပြန်/ဆက်)