မဟာသမယအခါတော်နေ့တွင် ဝိုင်းမော်မြို့နယ် ရွှေမိုးတောင်စေတီတော်၌ ပရိတ်ရွတ်ဖတ်ပူဇော်ပွဲ၊ ဆွမ်းသပိတ်နှင့် သံဃဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား မေ ၂၉

ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ (၁၃၈၅ ခုနှစ်၊ နယုန်လပြည့်) ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် ကျရောက်မည့် မဟာသမယအခါတော်နေ့တွင် ဝိုင်းမော်မြို့နယ်ရှိ ရွှေမိုးတောင်စေတီတော်၌ ပရိတ်ရွတ်ဖတ်ပူဇော်ပွဲ၊ ဆွမ်းသပိတ်နှင့် သံဃဒါန ဆွမ်းဆန်စိမ်း လောင်းလှူပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂)တွင် ကျင်းပသည်။

ရှေ့ဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အဖွင့်အမှာစကား ပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီဝင်များက အဆိုပါ အခမ်းအနား စည်ကာသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး က‌ဏ္ဍအလိုက် စီစဉ်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား တင်ပြဆွေးနွေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင်  သံဃာတော်နှင့် သီလရှင် ဆရာလေး စုစုပေါင်း အပါး ၁၅၀၀ ကျော်အား ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ စေတနာရှင်အလှူရှင်များက ဆွမ်းဆန်စိမ်းအပါအဝင် လှူဖွယ်ပစ္စည်းများကို စည်းကား သိုက်မြိုက်စွာ လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)