ကျိုက်မရော အောက်တိုဘာ ၇
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင် စွာကျင်းပနိုင်ရန်အတွက် ကြိုတင်မဲလက်မှတ် ၁-၁ ၊ ၁-၂ ၊ ၁-၃ ၊တို့ကို ထည့်မည့်မဲပုံးအား အများပြည်သူနှင့် ပါတီကိုယ်စားလှယ် များရှေ့မှောက်၌ လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ပြသခြင်းကို ယနေ့နံနက် ၁၁နာရီက ကျိုက်မရောမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးခန်းမ၌ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းရှင်က ကြိုတင် မဲလက်မှတ် ၁-၁/၁-၂/ ၁-၃၊ စသည့်မဲလက်မှတ်ထည့်မည့် မဲပုံးအားပွင့်လင်းမြင်သာမှုရှိစေရေးအတွက်အများ ပြည်သူနှင့် ပါတီကိုယ်စား လှယ်များ ၏ ရှေ့မှောက်တွင် ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံရေးပါတီကိုယ်စားလှယ်များ ကကြိုတင်မဲပုံးတွင်လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ် ပြသခြင်းကို ကြည့်ရူ့ခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှတာဝန်ရှိသူများက ပြန်လည်ဖြေကြားရှင်းလင်းခဲ့သည်၊ ယနေ့ပြုလုပ်သော အခမ်းအနား သို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိုနှိုင်းရေး ကော်မတီ ဝင်များ၊ရွေးကောက်ပွဲစောင့်ကြည့်သူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)