မိုင်းယောင်း မေ ၂၉
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ထပ်လုံစေတီတော် ပရိဝုန်အတွင်းရှိ ဂါလံ ၃၀၀၀၀ ဆံ့ မီးသတ်ရေလှောင်ကန် တည်ဆောက်နေမှုကို ယမန်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ ရေလှောင်ကန်တည်ဆောက်ရေး ကော်မတီဝင်များက တည်ဆောက်ရေး လုပ်ငန်းကောင်းမွန်ရေး၊ စနစ်တကျဖြစ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မီးသတ်ရေလှောင်ကန်အား မီးသတ်ရန် တစ်ခုတည်းအတွက် မဟုတ်ကြောင်း၊ ထပ်လုံစေတီတော်မြတ်ကြီးအတွက် အခြား လိုအပ်သည့် ရေအသုံးချမှုဆိုင်ရာများတွင် ဘက်စုံအသုံးပြုနိုင်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း