မွန်ပြည်နယ် မုဒုံမြို့နယ်တွင်မဲဆန္ဒရှင်စာရင်းများ နောက်ဆုံးအကြိမ်ကပ်ထားကြေညာ

မုဒုံ     စက်တင်ဘာ     ၇

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပမည့်    ပါတီစုံဒီမိုကစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ   ကျင်းပနိုင်ရေးအတွက်   နောက်ဆုံးအကြိမ်မဲစာရင်းကို အောက်တိုဘာ(၁)ရက်နေ့မှစ၍ (၁၄)ရက်နေ့ထိ (၁၄)ရက်ကြာကပ်ထားကြေညာပြီး ဖြစ်ကြောင်းသိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများကိုကပ်ထားကြေညာရာတွင်   မဲဆန္ဒရှင်ပြည်သူများမှ ကိုဗစ်-၁၉ ကာကွယ် ရေး အစီအမံနှင့်အညီ လာရောက်ကြည့်ရှုနိုင်ရေး ပိုစတာများနှင့် လက်ကမ်း စာစောင်များဖြင့် အသိပညာပေးပြီး၊ မဲစာရင်းလာရောက်ကြည့်ရှုရာတွင် မိမိတို့၏ အမည်များ မဲစာရင်း တွင် ပါဝင်ခြင်း ရှိ/မရှိ၊ အချက်အလက်များမှားယွင်းနေပါက မဲဆန္ဒရှင် စာရင်း ကပ်ထားကြေညာ ထား သည့် ကာလအတွင်း ပြန်လည်ဖြည့်စွက်၊ပယ်ဖျက်၊ ပြင်ဆင် ပေး ရန်သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် သတ်မှတ်ပုံစံများဖြင့် လျှောက်ထား ရမည်ဖြစ်ကြောင်းသိရသည်။          

မုဒုံမြို့နယ်တွင်နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်းအရ မဲပေးပိုင်ခွင့်ရှိသူကျား (၈၄၈၅၆) ဦး၊ မ(၉၂၂၇၁)ဦး စုစုပေါင်း(၁၇၇၁၂၇)ဦးရှိပြီး မဲရုံ(၁၀၃)ရုံရှိကြောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး မှသိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)