တောင်ဥက္ကလာပ အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ညပိုင်းက မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ ပူးပေါင်းပါဝင်သော အဖွဲ့မှ အရေးကြီးကိစ္စမှအပမလိုအပ်ဘဲ ယာဉ်များပြင်ပသို့ အကြောင်းမဲ့ သွားလာခြင်းမရှိစေရေးအသိပေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါစစ်ဆေးမှုတွင် တောင်ဥက္ကလာပမြို့နယ်နှင့် အခြားမြို့နယ်များ ဆက်စပ်နေသော လမ်းမကြီးများ တွင် သွားလာနေသော ယာဉ်များအား ရပ်တန့်စေပြီး မိသားစုကျန်းမာရေး၊ စားသောက်ရေး၊ ဈေးဝယ်ခြင်း ကိစ္စများစသည့် အရေးကြီးကိစ္စမှအပ မလိုအပ်ဘဲ ယာဉ်များပြင်ပသို့ အကြောင်းမဲ့သွားလာခြင်း မရှိစေရေး ယာဉ်များအား တားဆီးပြီး မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အသိပေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)