ညောင်ဦး မေ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးရင်း လေ့လာရေးလာရောက်သည့်အခါ မင်းနန်းသူကျေးရွာအနီး လေးမျက်နှာ ဘုရားရှိ ငါးရာ့ငါးဆယ်နှင့် ဗုဒ္ဓဝင်ဇာတ်ကွက်၊ မင်စာနှင့်နံရံဆေးရေးပန်းချီများ လာရောက်လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်အ မျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲတာဝန်ရှိသူများထံက သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ လေးမျက်နှာဘုရားသည် အရှေ့မုခ်လှည့် ကွမ်းတောင် ပေါက်ဂူဘုရားတစ်ဆူဖြစ်ပြီး ငါးရာ့ငါးဆယ်နှင့် ဗုဒ္ဓဝင်ဇာတ်ကွက်၊ မင်စာနှင့် နံရံဆေးရေး ပန်းချီများကို လေ့လာနိုင်သည်။ လေးမျက်နှာဘုရားအနီးအနား ပတ်ဝန်းကျင်တွင် ကြီးမားသော အုတ်ကျောင်းကြီးများ၊ သိမ်နေရာဟောင်း၊ ဓမ္မသာလ၊ အုတ်ဇရပ်၊ လေးထောင့်ကန်နှင့် တံတိုင်းစသည့် အဆောက်အုံများ တည်ရှိနေတာကို လေ့လာနိုင်ကြောင်း သိရသည်။ ခရစ်နှစ် (၁၂၂၃) ခုနှစ်တွင် အမတ်ကြီး မဟာသေနပတိအနန္တသူရမောင်နှံက လှူဒါန်းခဲ့ကြောင်းကို ၄င်းတို့ရေးထိုးထားခဲ့သော ကျောက်စာမှတ်တမ်းများအရသိရသည်။
လေးမျက်နှာဘုရား၏ မြောက်ဘက်တွင် မင်းနန်သူဘုရားသုံးဆူ၊ သလ္ဘူလဘုရား၊ တရုတ်ပြေးဘုရား (ခေါ်)နရသီဟပတေ့ဘုရားနှင့်အနောက်ဘက်တွင် ဆင်ဖြူရှင်အုတ် ကျောင်း၊ စူဠာမဏိဘုရား၊ ဓမ္မရံကြီးဘုရားတို့ကို ဖူးမြှော်လေ့လာနိုင်ကြောင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲတွင် ဘုရား၊ စေတီ၊ ပုထိုး ၃၈၂၂ ဆူကိုလည်း၊ မတူညီသော တည်ထားမှု ပုံစံအမျိုးမျိုးတို့ဖြင့် ဘုရားများကို ဖူးမြှော်လေ့လာနိုင်ကြောင်းလည်း သိရသည်။
ဒီပါလင်း