ပင်းတယမြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပင်းတယ  အောက်တိုဘာ   ၇

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်း၌ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားပေးမှု အခြေအနေများကို ပြည်သူများ သိရှိနိုင်စေရန်အတွက် လော်စပီကာဖြင့် နှိုးဆော်ပေးခြင်း ရွေးကောက်ပွဲဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က ပင်းတယမြို့ယာယီဈေးနှင့် လမ်းဆုံနေရာများတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်မိုးမိုထွေး၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဒေါ်စုစုမွန်နှင့် ဝန်ထမ်းများ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာသိန်းတို့က ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများကြေညာထားရှိမှုများတွင် မိမိအမည် စာရင်းပါ/မပါ ကြည့် ရှု့ကြရန်၊ အချက်အလက်များ မှန်ကန်မှုမရှိပါက၊ အချက်အလက်များမှားယွင်းနေပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ပြန်လည်ဖြည့်စွက်မှုများ ပြုလုပ်နိုင်ကြောင်း နှိုးဆော်အသိပေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ဝေသည့် လက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြကြောင်းလည်း သိရသည်။

ခင်မျိုးနွယ်(ပင်းတယ)