ရန်ကင်းမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ရန်ကုန် မေ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ရန်ကင်းမြို့နယ်၊ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ရန်ကင်းအ.ထ.က(၁)မှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ ကျောင်းသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထူးလွင်နှင့် ခရိုင်ပညာရေးမှူး ဒေါ်စုစုခင်တို့မှ အဖွင့်အမှာစကား အသီးသီးပြောကြားကာ နိုင်ငံတော်မှချီးမြှင့်သည့် ကျောင်းသုံးစာအုပ်နှင့် ဗလာစာအုပ်များကို ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ Grade-5၊ Grade-8နှင့် Grade-11 သင်တန်းတက်ရောက်ခဲ့ကြသည့် ဆရာ ၊ဆရာမများအား သင်တန်းဆင်းလက်မှတ် များကို သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ကာ ၂၀၂၃-၂၀၂၄ တွင် (၃၈) ဖြာ မင်္ဂလာရေးဖြေစာမေးပွဲတွင် ဆုရရှိခဲ့ကြသည့် ထက်၊ လယ်၊ မူ ကျောင်းသား၊ ကျောင်းသူ များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့် တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ရန်ကင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းသီဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ဒေါ်သူ(ပြန်/ ဆက်)