ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့်တာဝန်ရှိသူများ အ-ထ-က ကျောင်းရှေ့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် စာသင်ခန်းများ အားခြင်ဆေးဖျန်းနေမှုကြည့်ရှုအားပေး

မာန်အောင် မေ၂၈

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ပြန်လည်ထူရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော တပ်မတော်(ရေ)ဗိုလ်မှူးချုပ် ကျော်ကျော်ဦးနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်၈နာရီက မာန်အောင် အ-ထ-က ရှေ့၌  ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် စာသင်ခန်းများအား ခြင်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။

 ထိုသို့ စုပေါင်းသန့် ရှင်းရေးများ ဆောင်ရွက်ရာတွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာနှင့် ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းဖွင့်ချိန်တွင် ကျောင်းဝန်းကျင် သန့်ရှင်းသာယာပြီး ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန်  စုပေါင်းပြီးသန့်ရှင်းရေးများ ဆောင်ရွက်ခြင်း၊ သစ်ကိုင်း၊ သစ်ခက်၊ သစ်ရွက်၊ အမှိုက်များကောက်ခြင်း၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းများ ဆောင်ရွက်ကြပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနမှ ကျောင်းသား/ သူများအား သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်နိုင်ရေးအတွက် စာသင်ခန်းများအား မာလာသီယွန်(Malathion)ခြင်ဆေးဖျန်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဆောင်ရွက်ရာသို့ ဗိုလ်မှူးချုပ်ကျော်ကျော်ဦးအတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ ဆက်)