သိန္နီ မေ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ်တွင် ၂၀၂၃−၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံ ရေးနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေစင်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားအား “မြန်မာ့ကျောင်း” သီချင်းဖြင့် ကျောင်းသားကျောင်းသူများက သီဆို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် ကျောင်းအပ်လက်ခံရေးနှင့် ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်”သီချင်းဖြင့် ဖျော်ဖြေခဲ့ကြသည်။ အဆိုပါ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးနေလင်းထွန်း၊ မြို့နယ်ပညာရေးမှူးဒေါ်သူဇာအေး၊ မိခင်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ၊ဆရာမကြီးများနှင့် ဆရာဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)