ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် အသွား အလာ ကန့်သတ်စောင့်ကြည့်ထားသူများထံမှ နှာခေါင်းနှင့် အာခေါင်တို့ပတ် (Swab) များရယူ

ရန်ကုန် အောက်တိုဘာ ၇

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊ ရန်ကင်း မြို့နယ် (၄) ရပ်ကွက်ရှိ အ.ထ.က (၁)ကျောင်းနှင့်(၃)ရပ်ကွက်ရှိ အ.လ.က (၅) ကျောင်းတို့တွင် ဖွင့်လှစ်ထားသည့် Community Based Facility Quarantine Center ရှိ Quarantine ဝင်ရောက်နေ သူများ အား ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက နှာခေါင်းနှင့် အာခေါင်တို့ပတ် (Swab) များရယူခဲ့ကြောင်း သိရသည်။

ထိုစစ်ဆေးရယူမှုကို မြို့နယ်ကျန်းမာရေး ဉီးစီးဌာန၊ မြို့နယ် ကိုဗစ် ထိန်းချုပ်ရေးကော်မတီနှင့် volunteer များမှ ပူးပေါင်း၍ အသွားအလာကန့် သတ်ထားရှိသူ ကျား(၂၂) ဦး၊ မ(၂၄)ဦး စုစုပေါင်း (၄၆) ဦးတို့၏ နှာခေါင်းနှင့် အာခေါင် တို့ပတ် (Swab)များကို ရယူခဲ့ကြပြီး အဆိုပါ ဓာတ်ခွဲနမူနာ များအား အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ပေးပို့ကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ / မရှိ စစ်ဆေး အတည်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။

ခင်လေး (ပြန်/ဆက်)