တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တိုက်ကြီး       အောက်တိုဘာ          ၇

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် လတ်တလောဖြစ်ပွားနေ သည့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉  ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်  ဦးတင်ရှိန်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဒေါ်အိအိခိုင်၊ မြို့နယ်စည်ပင်သာ ယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထိုက်ဝင် နှင် အင်ဂျင်နီယာများသည် We Love Yangon (Taikkyi Township)အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ မြို့နယ်အတွင်းရှိ ဈေးများ၊ စားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ပြည်သူများ ပါးစပ်/နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်နိုင်ရေး စစ်ဆေးကြပ်မတ် ဆောင်ရွက်နေမှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ရှေ့လုပ်ငန်းစဉ်များတွင် အတူပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကာ တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရှိန် က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)