ဇီးကုန်း အောက်တိုဘာ ၇
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာအထူးရဲသင် တန်း တက်ရောက်နေသော သင်တန်းသားများနှင့် သင်တန်းနည်းပြများအား Rapid Test Kit For Covid-19 ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိကို ယနေ့နံနက် ၉ နာရီက စစ်ဆေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦးတို့ ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်ခန်းမ၊ မြို့မ အ.ထ.က ကျောင်းနှင့် လေးမျက်နှာ ရဲစခန်းတို့တွင် ရွေးကောက်ပွဲဆိုင်ရာအထူးရဲသင်တန်း တက်ရောက်နေသော သင်တန်းသား (၅၅)ဦးနှင့် သင်တန်းနည်းပြ (၁၀)ဦးတို့အား Rapid Test Kit For Covid-19 ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးမှုသည် ရောဂါပိုးရှိ/မရှိကို နာရီဝက်အတွင်း အဖြေသိရှိရပြီး အဆိုပါသင်တန်းသား (၅၅)ဦးနှင့် နည်းပြ/ကြီးကြပ်သူ (၁၀)ဦး စုစုပေါင်း (၆၅)ဦးတို့တွင် ရောဂါပိုး မရှိကြောင်း (Negative) ဖြစ်ကြောင်းကို သိရှိရသည်။
တင့်ဆွေ(ပြန်/ဆက်)