ကျောက်ဆည်မြို့တွင် (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားရှိသော ဧရာမင်း မျိုးသန့်မျိုးစေ့ထုတ် စပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်  အောက်တိုဘာ  ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ယခုနှစ်မိုးစပါးလျာထားစိုက်ဧက (၅၂၉၅၈)ဧက စိုက်ပျိုးထားရှိရာ (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် ဧရာမင်းမျိုးသန့်မျိုးစေ့ထုတ် စပါးစိုက်ခင်း (၆၁၆)ဧက ပါဝင်ကြောင်းသိရှိရပြီ ယခုအခါ အဆိုပါ မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

ဧရာမင်း မျိုးသန့်မျိုးစေ့ထုတ် စပါးစိုက်ခင်းများ စိုက်ပျိုးရာတွင် မင်းရဲနည်းပညာ ပြန့်ပွားရေးစခန်းအောက်တွင် (၁၃၇.၆၃) ဧက၊ သင်းတွဲနည်းပညာ ပြန့်ပွားရေးစခန်းအောက်တွင် (၁၁၂)ဧက၊ သင်းဒီးနည်းပညာ ပြန့်ပွားရေး စခန်းအောက်တွင် (၁၆၂.၁၉) ဧက၊ ထုံးကြီးနည်းပညာ ပြန့်ပွားရေးစခန်းအောက်တွင် (၆၃)ဧက၊ စမာနည်းပညာ ပြန့်ပွားရေးစခန်းအောက်တွင် (၃၂)ဧက၊ တမုတ်နည်းပညာ ပြန့်ပွားရေးစခန်းအောက်တွင် (၁၀၉.၀၈)ဧက၊ စုစုပေါင်း (၆၁၆)ဧက စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။

အဆိုပါ မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲမင်းသောင်းနှင့်ဝန်ထမ်းများမှ စပါးစိုက်တောင်သူများနှင့်ပူးပေါင်းပြီး စပါးများ စတင် စိုက်ပျိုးသည့် အချိန်မှစတင်ကာ ပင်ကြားတန်းကြားမှန်ကန်ရေး၊ ကောက်ကွက်ပြည့်မီရေးများ စတင်ဆောင်ရွက် ခဲ့ပြီး မျိုးသန့် မျိုးစေ့များ အမှန်တကယ်ရရှိစေရေး စပါးသက်တမ်းတစ်လျှောက် အပင်မြင့်နှုန်းတိုင်းတာခြင်း၊ ပင်ပွားနှုန်း ကြည့်ရှုစစ်ဆေးခြင်း၊ ပေါင်းနုတ်၊တမန်းနှိုးခြင်းများဆောင်ရွက်ခြင်း၊ သွင်းအားစုများကို အချိန်ကိုက်အချိုးကျ မှန်ကန်စွာ ထည့်သွင်းခြင်း၊ ပိုးပွားကျရောက်မှုကင်းစင်စေရန်အတွက် ပိုးမွှားကင်းထောက်လုပ်ငန်းများ အစဉ် ဆောင်ရွက်ပေး မှုကြောင့် (CERP) အစီ အစဉ်ဖြင့် စိုက်ပျိုးထားရှိသော ဧရာမင်း မျိုးသန့်မျိုးစေ့ထုတ် စပါးစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)