ကျောက်ဆည်၊ အောက်တိုဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ မြို့နယ်ပညာရေးဌာန ဝန်ထမ်းများ၊ ဆရာဆရာမများမှ အလှူငွေကျပ်(၁၈၈၀၀၀၀/-)အား ယနေ့န့နက် ၁၀နာရီခွဲက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းငွေများကို ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်လွင်ထံသို့ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ် ပညာရေးမှူး ဦးညွှန့်ဝင်းက ပေးအပ် လှူဒါန်းရာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့်လှူဒါန်းငွေများအား ကျောက်ဆည် မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးမှ ဝန်ထမ်းများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းပြ ဆရာ/ ဆရာမများမှ မြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင်အသုံပြုနိုင်ရန် အတွက် အလှူငွေကျပ် (၁၈၈၀၀၀၀/-) ကိုစုပေါင်းလှူဒါန်းပေးခြင်းဖြစ်ကြောင်းနှင့် ကျောက်ဆည် ခရိုင်ပြည်သူ့ဆေးရုံသို့လည်း အလှူငွေကျပ်(၁၅၉၀၀၀/-)ကိုပေးအပ်လှူဒါန်းခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မိမိအောင်က ပြောပြ၍သိရသည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)