ပင်လောင်း အောက်တိုဘာ ၇
မြန်မာနိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့လျက်ရှိသောကြောင့် နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာနေရသည့် ပြည်သူများ ရောဂါကူးစက်မှုအန္တရာယ်မှ ကင်းဝေးစေရန်အတွက် နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်သွားလာကြရန် အသိပညာပေးလုပ်ငန်းကို ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့မရဲစခန်းရှေ့နှင့် ပေါင်းလောင်းမြို့ စစ်ဆေးရေးဂိတ်၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာနေရသည့် ပြည်သူများအနေဖြင့် နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်နှင့် နှာခေါင်းစည်းများ တပ်ဆင်ခြင်းမရှိသည့် ခရီးသွားပြည်သူများကို ယခုဝယ် ယခုတပ်စနစ်ဖြင့် ဝယ်ယူတပ်ဆင်စေပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းဖြင့် လည်းကောင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲမင်းပိုင် (ပင်လောင်း)