လှည်းကူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်လုံးဆိုင်ရာကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ

လှည်းကူး    မေ   ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်လုံးဆိုင်ရာကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြည်တော်သာရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)အောင်ဆန်းခန်းမ၌  ကျင်းပပြုလုပ်သည်။

ရှေးဦးစွာအခမ်းအနားကို အ.ထ.က(လှည်းကူး)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ကျောင်းသွားကြမယ်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး လှည်းကူးခရိုင်ပညာရေးမှူးဒေါ်မြတ်မြတ်ထွေးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲထွန်းနောင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဒေါ်သိန်းရွှေက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်အလှူရှင်များက လှူဒါန်းထားသော လွယ်အိတ်၊ ထီး၊ ခြင်း၊ ကွန်ပါဘူး၊ ဗလာစာအုပ်နှင့်ဘောပင်များကို အလှူရှင်များကသက်ဆိုင်ရာကျောင်းအုပ်ကြီးများထံသို့ ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်ပညာရေးမှူးဒေါ်မြတ်မြတ်ထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဒေါ်သိန်းရွှေနှင့်ကျောင်းအုပ်ဆရာမကြီးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ကျောင်းသားမိဘများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ပြီး အ.ထ.က( မြို့မ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်း သီဆိုခဲ့ကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)