ရန်ကုန် အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ မင်းကြီးလမ်းပေါ်ရှိ အင်းစိန်(GTI) Quarantine Center တွင်ရှိသော သံသယလူနာများစာသုံးရန်အတွက် အလှူရှင်များ စုပေါင်း၍ အသင့်စားသောက်ရန် ထမင်းဗူး(၃၁၂)ဗူးနှင့်အင်းစိန်ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင် နေသော ဆရာဝန်၊ ဆရာမများအတွက် အသင့်စားထမင်းဗူး(၈၀၀)ကို ယနေ့ နံနက်(၉)နာရီအချိန်က လှူဒါန်းခဲ့ကြောင်း သိရသည်။
အလှူရှင်များဖြစ်ကြသည့် စောအယ်ဒိုစိုးလင်း မိသားစုမှ တီးလားပီးယားငါး ပိဿာ(၂၀၀) လှူဒါန်း၍ လုပ်အားဒါန အလှူရှင်များမှာ မြို့သစ်(ဂ) ရပ်ကွက်ရှိ ပရဟိတ အဖွဲ့ဝင်များက စုပေါင်း လှူဒါန်းခဲ့ကြောင်း သိရသည်။
မျိုးသန့်(ပြန်/ဆက်)