နမ့်ဆန် မေ ၂၆
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ မွေးကင်းစမှ အသက် ၂ နှစ်အောက် အရွယ်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံက် (၁၀)နာရီ အချိန်တွင် နမ့်ဆန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကကြီးကြပ်၍ မြို့နယ်ဆရာဝန်ကြီးနှင့် မိခင်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများက မွေးစမှအသက် တစ်နှစ်အောက် ကလေးများအားဘီစီဂျီ၊ ပိုလီယို၊ဆုံဆို့၊ ကြက်ညှာမေးခိုင်အသည်းရောင် အသားဝါဘီဦးနှောက်အမြှေးရောင် စသည့် ငါးမျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဝက်သက်-ဂျိုက်သိုး စသည့် ကာကွယ်ဆေးများကို မွေးစအသက် (၂)လ၊ အသက်(၄)လ၊ အသက်(၆)လ၊ အသက်(၉) လနှင့် အသက်တစ်နှစ်အထိ ကလေးငယ်များအား သတ်မှတ်ဆေးထိုးရက်များအလိုက် ရပ်ကွက်/ ကျေးရွာများသို့ ကွင်းဆင်း၍ အကြိမ်ရေအလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
နမ့်ဆန်ဒေသပြန်/ဆက်