မိုင်းငေါ့မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံမှုများစတင်ဆောင်ရွက်

မိုင်းငေါ့ မေ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင်းရှိ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံမှုကို မေလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

ယခုနှစ်ဆောင်ပုဒ်မှာ “ကျောင်းနေအရွယ်ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန် အပ်နှံစို့”  ဟု တိုက်တွန်းထားပြီး၊ ကျောင်းအပ်နှံရေးသီတင်းပတ်အနေဖြင့် မေလ(၂၃) ရက်နေ့မှ မေလ(၃၁)ရက် နေ့အထိ သတ်မှတ်ထားရာ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံ ပညာမူလတန်းကျောင်းများတွင် မိဘအုပ် ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။   

အဆိုပါအခြေခံပညာ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံရာတွင် ငွေကြေးတစ်စုံတစ်ရာမကောက်ခံဘဲ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းသုံးဖတ်စာ အုပ်များဗလာစာအုပ်များကိုလည်း အခမဲ့ပေးဝေသွားမည်ဖြစ်‌ပြီး သိရပါသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)