နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့ ဧရိယာအတွင်း ယာဉ်အန္တရာယ် ကင်းရှင်းရေး သတိပေးဆောင်ရွက်

နောင်တရား မေ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှေ့ ဧရိယာအတွင်း ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် သတိပေးဆောင်ရွက်ထားသည့် ဗီးနိုင်းကပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။

၂၀၂၃-၂၀၂၄ခုနှစ်၊ ပညာသင်နှစ် ကျောင်းဖွင့်ရာသီအတွင်း အခြေခံပညာအထက်တန်းကျောင်းရှေ့၌ နေ၊ ည ခရီးသွားကားကြီး၊ ကားငယ်များ ကျောင်း၏ ပြင်ပဧရိယာအတွင်း ကားရပ်နားခြင်း၊ ညအိပ်ရပ်နားခြင်း မပြုလုပ်ရန် စသည့် စာသားများပါဝင်သော ဗီနှိုင်းများကပ်ခြင်း၊ ကျောင်းတက်၊ ကျောင်းဆင်းချိန်အတွင်း ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရယ်ကင်းရှင်းရေးအတွက် ဂရုပြုမောင်းနှင်ရန်လိုအပ်ကြောင်း သိရသည်။ အဆိုပါ သတိပေးဗီနှိုင်းကပ်ခြင်းတွင် နောင်တရားမြို့ မြို့အုပ်ချုပ်‌မှူး ဦးအယ်လ်အောင်ဒင်မှိုင်က ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)