လောက်ကိုင် မေ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း များတွင် ကျောင်းသား/ကျောင်းသူများအား မိဘအုပ်ထိန်းသူများက ကျောင်းလာရောက် အပ်နှံနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေး အားပေးခဲ့ကြသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များသည် KG တန်းမှ Grade 12 အထိ စနစ်တကျ ကျောင်းအပ်လက်ခံနေမှုနှင့် ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲ့တံ၊ ကျောင်းဝတ်စုံတို့ ထောက်ပံ့ပေးနေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
လောက်ကိုင်မြို့နယ်အတွင်း အခြေခံပညာ ကျောင်းပေါင်း (၇၅) ကျောင်းရှိရာ မေလ (၂၅) ရက်နေ့အထိ အထက်တန်းအဆင့်(၁၀၈) ဦး၊ အလယ်တန်းအဆင့် (၃၅၄) ဦး၊ မူလတန်းအဆင့်(၅၀၇၁) ဦး၊ စုစုပေါင်း (၅၅၃၃) ဦး လာရောက်အပ်နှံကြကြောင်း သိရသည်။
ညိုညိုဝင်း (လောက်ကိုင်)