လဲချားတွင် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

လဲချား မေ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် (၂၀၂၃-၂၀၂၄) ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(လဲချား) အစည်းအဝေးကျောင်းတွင် ကျင်းပခဲ့ပါသည်။

အဆိုပါ အခမ်းအနားကို အ.ထ.က(လဲချား) ကျောင်းသား/ကျောင်းသူလေးများမှ မြန်မာ့ကျောင်းသီချင်းဖြင့် ဖွင့်လှစ်သီဆို ဖျော်ဖြေခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်မြမြစန်းမှ ပညာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

(၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သောပစ္စည်းများကို ပေးအပ်ခဲ့ပြီး ကျောင်းအပ်နှံရေးသီတင်းပတ် အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လဲချား(မြို့နယ်ပြန်/ဆက်)