မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းများ စတင်လက်ခံ

မဟာအာင်မြေ မေ ၂၆

မန္တလေးခရိုင်၊ ချမ်းသာစည်မြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး) တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းကို ယမန်နေ့ နံနက် (၉)နာရီ အချိန်တွင် စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကျောင်းအပ်နှံခြင်းအား "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ အားကစားနှင့်ကာယပညာ သိပ္ပံ(မန္တလေး)၌ (Grade-8) မှ (Grade-12)အထိ ကျောင်းသား/သူများ ကျောင်းအပ်လက်ခံလျက်ရှိပြီး ကျောင်းလာရောက်အပ်နှံကြသည့် ကျောင်းသားမိဘ များနှင့် ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာ အတန်းများအလိုက် ကျောင်းသုံးပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံများအား (အခမဲ့) ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)မှ ကျောင်အပ်လက်ခံခြင်းကို နိုင်ငံတော်သီချင်း၊ မြန်မာ့‌ကျောင်းသားသီချင်းများဖြင့် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား/ သူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်နွဲ့က အမှာစကား‌ ပြောကြားပြီး (Grade-8‌) ကျောင်းသား(၉) ဦးကျောင်းသူ(၁၄)ဦး၊ (Grade-9) ကျောင်းသား (၂၃)ဦးကျောင်းသူ(၂၄)ဦး၊ (Grade-10) ကျောင်းသား(၃၅)ဦး ကျောင်းသူ(၁၃)ဦး (Grade-11) ကျောင်းသား(၁၈)ဦး ကျောင်းသူ(၁၇)ဦး (Grade-12) ကျောင်းသား(၁၈)ဦး ကျောင်းသူ(၂၄)ဦး စုစုပေါင်း (၁၉၅)ဦးအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မေ(၂၃)ရက်နေ့မှ (၃၁)ရက်နေ့အထိ ဖွင့်လှစ်၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)မှ ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်ထံမှ သိရသည်။

အောင်ဇော်မင်း