သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေချစ်သူများမှစာဖတ်ဝိုင်းကျင်းပ

သုံးခွ မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသား/သူလေးများ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး၊ အချင်းချင်းစာပေနှီးနှောဖလှယ်တတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၈) နာရီအချိန်က စာရေးဆရာ စိုးသူ LPZ ရေးသားသည့် "လူငယ်တွေရဲ့ ရွှေရောင်အိမ်မက်များဆီသို့" စာအုပ်အားစာဖတ်ဝိုင်း ကျင်းပခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ‌ ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် လူငယ်လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊စာကြည့်တိုက်နှင့်ထိတွေ့မှုရရှိပြီး စာကြည့်တိုက် ရှိ သုတ၊ ရသ စာပေများကို ဖတ်ရှု့လေ့လာနိုင်စေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ယခုလိုစာဖတ်ဝိုင်း ပြုလုပ်ပေးရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ (Book club) အဖွဲ့၀င် ဦးကြည်စိုးလွင်က "လူငယ်နှင့် ငြိမ်းချမ်းရေး" ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် လူသား တစ်ယောက်ဘ၀ကို သေချာဆစ်ပိုင်းကြည့်လိုက်ရင် ကလေး၊ လူငယ်၊ လူလတ်နှင့် လူကြီးဆိုပြီး ယေဘုယျပိုင်းခြားသတ်မှတ်ကြပါ‌ကြောင်း၊ ဘ၀မှာတကယ်တိုးတက် ချင်တဲ့စိတ်ရှိတဲ့ လူတိုင်းဟာ ရည်မှန်းချက်ထားရှိဖို့ လိုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။‌

ထို့နောက် (youth Club) အဖွဲ့၀င် "မောင်ထက်ဝေယံဦးက လူငယ်တွေရဲ့ အိမ်မက် အမှန်တကယ်ဖြစ်လာစေဖို့" ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ လူငယ်တစ်ယောက်ဖြစ်လာပြီ ဆိုကတည်းက အိမ်မက်တစ်ခု (သိုမဟုတ်) အိမ်မက်အများကြီးရှိနေဖို့တော့ လိုအပ်ပါကြောင်း၊ အိမ်မက်ဆိုတာ တစ်နည်းအားဖြင့် မျှော်လင့်ချက်၊ ပန်းတိုင်ဆိုရင်လည်း အဓိပ္ပာယ်တူပါ‌ကြောင်း စသည့်စာအုပ်ပါ အကြောင်းအရာများကို ပြောကြားခဲ့သည်။

ဆက်လက်၍ (Youth club) အဖွဲ့၀င် မနော်ဖူးဝေက "ရည်ရွယ်ချက်ကို အောင်မြင်စေမည့်လူငယ်" ခေါင်းစဉ်ဖြင့် ဆွေး‌နွေးရာတွင် အောင်မြင်‌ ကျော်ကြားနေတဲ့ လူအများစုကို စာပေတွေထဲမှာရော၊ အပြင်ကိုယ်နဲ့ နီးစပ်ရာပတ်၀န်းကျင်တွေမှာပါ လေ့လာကြည့်မိပါ‌ကြောင်း၊ အလွယ်တကူ၊ မိုးကျရွှေကိုယ် အောင်မြင်လာတဲ့သူဆိုတာ မရှိသလောက်ရှားပါကြောင်း စသည့် စာအုပ်ပါအကြောင်းအရာများကို ဝိုင်း၀န်းဆွေးနွေးခဲ့ကြပြီး မြို့နယ်ရုံးမှပြသထားသော နံရံကပ်စာစောင်များကို စိတ်ပါ၀င်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

စည်သူလင်း