ဥတ္တသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ဥတ္တရသီရိ မေ ၂၅

ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ ကျေးရွာများနှင့် ရုံး၊ ဌာနများသို့ ငှားရမ်း‌ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ရုံးဝန်ထမ်းများက ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးမှူးရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် သုတ/ရသ စာအုပ်မျိုးစုံ (၅၀)ကျော်ကို ငှားရမ်းပေးခဲ့​ကြောင်း သိရသည်။ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအလွယ်တကူ ဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ရပ်ကွက်‌/ကျေးရွာများနှင့် ရုံး၊ ဌာနများအရောက် လိုက်လံငှားရမ်း‌ပေးခြင်းအ​ပြင် ခရိုင်ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆို အခမဲ့ လာ‌ရောက် ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)