ကွမ်းခြံကုန်းမြို့နယ်၌ လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေချစ်သူများနှင့် စာဖတ်ဝိုင်းကျင်းပ

ကွမ်းခြံကုန်း မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်သူများနှင့် ယမန်နေ့က စာရေးဆရာ နတ်သျှင်၊ ရွှေဂူ ရေးသားသည့် လူငယ်များ၏ ရွှေရောင်မနက်ဖြန်စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်နန့်ဆွေနွယ်ဦး (ဦးစီးအရာရှိ) မှ တက်ရောက်လာသူများအား စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ (Women Cloub) အသင်းဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အေးက ဥယျာဥ်မှူးနှင့် ပန်းပင်ငယ် အကြောင်းအရာ အားလည်းကောင်း၊ ဒေါ်သဲဆုက ဘဝဆိုတာ အရှုံးပေးဖို့မဟုတ်ဘူး အကြောင်းအရာအားလည်ကောင်း၊ အမြင်ချင်ဖလှယ်ကား စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

ထိုနောက် စာဖတ်ဝိုင်း တက်ရောက်လာသူများက ပြသထားသော သဘာဝဘေးအန္တရာယ် နံရံကပ်စာစောင်အား ကြည့်ရှုကြကြောင်း သိရသည်။

ဆွေနွယ်(IPRD)