ပေါင်မြို့နယ်တွင် ပညာသင်ယူခွင့်ရရှိဖို့ကျောင်းအပ်နှံကြပါစို့ အသိပညာပေး (Talk Show) ပြုလုပ်

ပေါင် မေ ၂၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပညာသင်ယူခွင့်ရရှိဖို့ကျောင်းအပ်နှံကြပါစို့ အသိပညာပေး (Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက ကျောင်းအပ်နှံရေးကို သတ်မှတ်ထားသည့်ကာလများ၊ ပညာရေးသည် နိုင်ငံအနာဂတ်အတွက်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်မြင့်မား တိုးတက်ရေး အတွက် မဖြစ်မနေဆောင်ရွက်ရမည့် အကြောင်းအရာများ၊ ပညာတတ်မြောက်ရေးအတွက် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ပညာသင်ကြားမှုပျက်ကွက်၍ ဘဝအခြေအနေအခက်အခဲ အကြောင်းအမျိုးမျိုးကြောင့် ပညာမသင်ကြားနိုင်သူများအား စီစဉ်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ အသေးစိတ် ရှင်းလင်းကြပြီး လိုက်နာရမည့်အချက်များကိုလည်းကောင်း စသည့်ပြည်သူများ သိသင့်သိထိုက်သော အကြောင်းအရာများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)