သုံးခွ မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်စာသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ သုံးခွမြို့နယ်အတွင်းရှိ မျက်မှန်ဆိုင်များတွင် တားမြစ်ထားသည့်မျက်ကပ်မှန်များအပါအ၀င် ဆေးဆိုင်များရှိ ကုန်အညွှန်းအမှတ် အသားမပါရှိသည့် ဖြည့်စွက်စာအမျိုးမျိုးနှင့် တိုင်းရင်းဆေးအမျိုးမျိုး ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိကို ယမန့်နေ့နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဆိုရှယ်မီဒီယာ(Facebook)တွင် "Aung lay" အမည်ဖြင့် အကောင့်မှ မျက်စိအားဆေး(ဖြည်စွက်စာ)အဖြစ် LUTEIN ESTER BLUEBERRY SALT ALGA ဆေး၊ LB အမှတ်တံ ဆိပ်ပါ lutein Billberry plus ဆေးနှင့်အရောင်ခွဲခြားနိုင်မူ မရှိသူများ (colour Bling)အတွက် ကုန်အညွှန်းအမှတ်အသားမပါရှိသည့် မျက်ကပ်မှန်များနှင့် အရည်အသွေးနိမ့်မျက်မှန်များ အပါအ၀င် အခြားသောမျက်စိဆေးများကို မျက်စိကျန်းမာရေးနှင့် ရောဂါပရဟိတအသင်း စသည့်အမည်များဖြင့် face page များဖွင့်လှစ်ပြီး ရောင်းချလျက်ရှိပါကြောင်း၊ ထိုသို့ရောင်းချနေသည့် ဆေးများတွင် ပြည်တွင်းရှိပုံနှိပ်တိုက်တစ်ခု၌ ဗူးခွံ့များ printing လုပ်ထားသော ဆေးများပါရှိနေခြင်း၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိခြင်းဆိုင်ရာ သက်မှတ်ချက်များ မပါရှိခြင်းတို့ကို ကွင်းဆင်းစစ်ဆေးခြင်းဖြစ်သည့်အပြင် ကုန်အညွှန်းအမှတ် အသားမပါရှိသည့်ဖြည့်စွက်စာအမျိုးမျိုးနှင့် တိုင်းရင်းဆေးအမျိုးမျိုး ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းမော်ကပြောကြားသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ကစစ်ဆေးခဲ့ကြောင်းသိရသည်။
စည်သူလင်း ပြန်/ဆက်