သုံးခွ မတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသား ကျောင်းသူလေးများ နွေရာသီကျောင်းပိတ်ရက်တွင် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်း၀င်မှုရရှိလာစေရန်၊ စာပေပိုမိုဖတ်ရှုလာစေရန်၊ စာဖတ်သည့်အလေ့အထ ကောင်းများရရှိလာစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်း များရရှိစေရန်အတွက် ဉာဏစွမ်းရည်ပြိုင်ပွဲဖြစ်သည့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီးနောက် ကျောင်းသား/သူလေးများက မိမိကြိုက်နှစ်သက်ရာပုံပြင်များ ဖြင့် ပုံပြောပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ကြသည်။ အဆိုပါပုံပြောပြိုင်ပွဲတွင် အကောင်းဆုံးပြောနိုင်သည့် မဇာဇာလင်းနှင့် မအိအိသိန်းတို့ အားအမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် Talk Show၊ စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲများနှင့် ကလေးငယ်များစိတ်ပျော်ရွှင်ချမ်းမြေ့စေရန်အတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
စည်သူလင်း