သင်္ဃန်းကျွန်း မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းမှ ကျောင်းအပ်လက်ခံလျက်ရှိရာ ကျောင်းသား မိဘများက ကျောင်းသား၊ ကျောင်းသူများအား လာရောက်အပ်နှံလျက်ရှိသည်။
“ကျောင်းနေအရွယ် ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းတက်ရောက်သင်ကြား ကြမည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသားမိဘများက လာရောက်အပ်နှံလျက်ရှိရာ ဆရာ၊ ဆရာမများက နွေးထွေးပျူငှာစွာကြိုဆိုလက်ခံလျက်ရှိသည်။
ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်ကကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းသားဝတ်စုံ(၁)စုံ စသည့်ပစ္စည်းများကို အခမဲ့ထောက်ပံ့ပေးခြင်းနှင့် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုမရှိကြောင်းသိရပြီး ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)