နေပြည်တော် မေ ၂၄
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အဆင့်မြင့်ပညာနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအတွက် ယဉ်ကျေးလိမ္မာသင်ခန်းစာ စာအုပ်များပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပနိုင်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုးတို့က နေပြည်တော်အတွင်းရှိ အဆင့်မြင့်ပညာနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအတွက် ယဉ်ကျေးလိမ္မာသင်ခန်းစာ စာအုပ်များပေးအပ်လှူဒါန်းပွဲနှင့်ပတ်သက်၍ အသီးသီးအမှာ စကားပြောကြားကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များက တင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)