တာလေမြို့၊ ပန်ချီဟတ်ကျေးရွာနေ ပြည်သူများအား တပ်မတော်ဆေးတပ်ရင်း(၁/၁၀၀)မိုင်းဖြတ်မှ နယ်လှည့်ဆေးကုသရေးအဖွဲ့က ဆေးကုသမှုများလာရောက်ဆောင်ရွက်ပေး

တာလေ မေ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ပန်ချီဟတ် ကျေးရွာနေပြည်သူများအား တပ်မတော်ဆေးတပ်ရင်း(၁/၁၀၀)မိုင်းဖြတ်မှ နယ်လှည့်ဆေးကုသရေးအဖွဲ့က ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာရှိ ခန်းမဆောင်၌ ဆေးကုသမှုများ လာရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ဆေးကုသမှုများဆောင်ရွက်ပေးရာတွင် တပ်မတော်ဆေးတပ်ရင်း(၁/၁၀၀)မိုင်းဖြတ်မှ ဗိုလ်မှူးကျော်စွာဝင်း ဦးဆောင်သော တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့က နှလုံးရောဂါဆိုင်ရာ ကျား (၈)ဦး၊ မ(၁၀)ဦး၊ပေါင်း(၁၈)ဦး၊  အရိုး/ အကြောရောဂါဆိုင်ရာ ကျား(၆)ဦး၊ မ(၁၄)ဦး၊ ပေါင်း(၂၀)ဦး၊ သွားနှင့်ခံတွင်း ရောဂါ ကျား(၃)ဦး၊ မ(၈)ဦး၊ ပေါင်း(၁၁)ဦး၊ အာရုံကြောအားနည်းရောဂါ ကျား(၅)ဦး၊ မ(၁၉)ဦး၊ ပေါင်း(၂၄)ဦး၊ အထွေထွေအားနည်းခြင်းရောဂါ ကျား(၁၁)ဦး၊ မ(၁၈)ဦး၊ ပေါင်း(၂၉)ဦး၊ စုစုပေါင်း ကျား(၃၇)ဦး၊ မ(၇၅)ဦး၊ ပေါင်း(၁၁၂)ဦးကို ဆေးဝါးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးကုသပေးနေမှုများအား အမှတ်(၁၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးချုပ်ကျော်လင်းမောင် ဦးဆောင်သောအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လာရောက်ဆေးကုသမှုခံယူသော ပြည်သူများအား အချိုရည်နှင့်မုန့်များပေးအပ်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)