လယ်ဝေး မေ ၂၄
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်များကျန်းမာကြံ့ခိုင်စေရန်နှင့် အားကစားသမားကောင်းများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ဖွင့်လှစ်သော Fitness Dance သင်တန်းအား ယနေ့နံနက် ၁၀နာရီက သင်တန်းဆင်းပွဲအခမ်းအနားဆောင်ရွက်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး မင်းကျော်သူက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းနည်းပြ ဆရာမများအား မြို့နယ် အားကာဦးစီးမှူးမှ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းသူများက Fitness Danceအကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။
အဆိုသင်တန်းအားအလယ်တန်းအဆင့် ကျောင်းသူ ၂၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြဆရာမ ဒေါ်ဇွန်နိုင်ဖြိုးဦးဆောင်၍ နည်းပြ ၃ ဦးတို့က သင်ကြားပေးခဲ့ကြောင်း သိရသည်။
ထိုက်ထိုက်(ပြန်/ဆက်)