တပ်ကုန်းမြို့၌ ကျောင်းသားကလေးသူငယ်များ ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးလာစေရန် ဆေးရောင်ခြယ်၊ ပုံပြောနှင့် ကဗျာရွတ်ပြိုင်ပွဲများကျင်းပ

တပ်ကုန်း မေ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားကလေးသူငယ်များ ဉာဏ်ရည်ပိုမိုဖွံ့ဖြိုးလာစေရန် ဖိတ်ခေါ်ကျင်းပသည့် ဆေးရောင်ခြယ်၊ ပုံပြောနှင့်ကဗျာရွတ်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community  Centre) ခန်းမတွင် ကျင်းပသည်။

ပြိုင်ပွဲတွင်  တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များ ပြောကြားပြီးနောက် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဖိတ်ခေါ်ထားသည့် ကျောင်းသားကလေးငယ် ၂၁ ဦး၊ ပုံပြောပြိုင်ပွဲတွင် ကျောင်းသား ကလေးငယ် ၁၀ ဦး၊ ကဗျာရွတ်ပြိုင်ပွဲတွင် ကျောင်းသားကလေးငယ် ၁၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲများတွင်  ဆုရရှိသည့် ကျောင်းသား ကလေးငယ်များနှင့်ပြိုင်ပွဲဝင် ကျောင်းသားကလေးငယ်များအား ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်နှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့်ဆုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်