ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံ

ရန်ကင်း မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်ကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများအား ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ရာ အခြေခံပညာအထက်တန်းကျောင်း(၂)ကျောင်း၊ အလယ်တန်းကျောင်း(၇)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၁)ကျောင်း၊ မူလတန်းကျောင်း(၁၀)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်း၊ ကိုယ်ပိုင်အလယ်တန်းကျောင်း(၂)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်းတို့တွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ(၂၃)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရှိရန်ရည်ရွယ်၍ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ  မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံမည်ဖြစ်ရာ အဆင်ပြေမှုရှိစေရေး ဆရာ၊ ဆရာမများမှ ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းအပ်နှံသည့်အခါ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုမရှိကြောင်းနှင့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ပေတံနှင့် မူလတန်း ကျောင်းသားများအတွက် ကျောင်းဝတ်စုံတို့ကိုလည်း နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးခဲ့သည်။

ရန်ကင်းမြို့နယ်အတွင်းရှိ ထက်၊ လယ်၊ မူနှင့် ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း(၂၄)ကျောင်းတို့တွင် ကျောင်းအပ်လက်ခံခြင်းကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သတင်းရရှိသည်။

 

အိရွှေစင်(ပြန်/ဆက်)