ဒေါပုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် KG တန်းမှ Grade-5 တန်းအထိ ကျောင်းအပ်နှံခြင်းများအား အခမဲ့ဆောင်ရွက်ပေး

ရန်ကုန် မေ ၂၄

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် KG တန်းမှ Grade-5 တန်းအထိ ကျောင်းအပ်နှံခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က မူလတန်းကျောင်း(၁၂)ကျောင်းနှင့် အလယ်တန်းကျောင်း()ကျောင်းတို့တွင် စတင်၍ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေါပုံမြို့နယ်အတွင်းရှိ KG တန်းမှ Grade-5 အတန်းအထိ အခြေခံပညာမူလတန်းအဆင့်တွင် ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ဘောပင်နှင့် ခဲတံစသည်တို့ကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် Grade-6 မှ Grade-12 အထိ ကျောင်းအပ်နှံခြင်းကိုလည်း မေလ ၂၅ ရက်နေ့မှစတင်ကာ အခြေခံပညာအလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများတွင် လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို မေလ ၃၁ ရက်နေ့အထိ လက်ခံဆောင်ရွက်ပေး သွားမည်ဖြစ်ပြီးသွားမည်ဖြစ်ပါသည်။ အဆိုပါကျောင်းအပ်နှံရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်မင်းအေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများကပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)