သိန္နီ မေ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး ကျောင်းအပ်လက်ခံခြင်းများကို ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေး၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆရာ၊ ဆရာမများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ် လက်ခံခြင်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား အတန်းအလိုက် ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ ဗလာစာအုပ်များနှင့် ပြဌာန်းပုံနှိပ်စာအုပ်များကို ထောက်ပံ့ပေးလျက်ရှိသည်။ ကျောင်းအပ်လက်ခံခြင်းများကို သက်ဆိုင်ရာ အခြေခံပညာကျောင်းများတွင် မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)