ပခုက္ကူ မေ ၂၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၏ ၂၀၂၃- ၂၀၂၄ဘဏ္ဍာရေးနှစ်၊(ဧပြီလမှမတ်လအထိ) ဒေသန္တရစီမံကိန်းရည်မှန်းချက်များတာဝန်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ (၁)ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်လှဌေးမြင့်က ပခုက္ကူမြို့နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ (ဧပြီလမှမတ်လ ကုန်အထိ) အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအခြေအနေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပခုက္ကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်မျိုးသူနှင့်အဖွဲ့ဝင်များက ဌာနများနှင့်ကဏ္ဍကြီးများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်လုပ်ငန်းများအား သက်ဆိုင်ရာတာဝန်ရှိသူများထံ အသီးသီးတာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)