ချမ်းမြသာစည် မေ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် လူငယ်နှင့်အောင်မြင်မှု ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဆွေးနွေးပွဲတွင် လူငယ်များအနေဖြင့် ရည်မှန်းချက်ပန်းတိုင်ထားရှိပြီး လုပ်ငန်းများ ဆောင်ရွက်သင့်ကြောင်း၊ ဘ၀အောင်မြင်တိုးတက်ရေးအတွက် ကြိုးစားသင့်သည့်အချက်များ၊ အောင်မြင်မှုအတွက်ကြိုးစားရာတွင် ရိုးသားစွာဖြင့် ကြိုးစားရန်လိုအပ်သည့်အချက်များ စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်နှင့် စာရေးဆရာ စိုင်းမြတ်သူ(ရွှေဘို)တို့က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ချမ်းစည်)