ငပလီ မေ ၂၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့ ထူးချွန်ဘော်ဒါစာသင်ခန်းမ၌ စာဖတ်ခြင်း၏ကောင်းကျိုး၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရှောင်ရှားနိုင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀း၃၀) နာရီက ထူးချွန်ဘော်ဒါစာသင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငပလီ မြို့ဦးစီးမှုး ဒေါ်မြင့်မြင့်အေး ကစာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတကြွယ်ဝကာ ကျောင်းသားလူငယ်များ လမ်းမှားမရောက်အောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့သည်။
၎င်းနောက် ကျောင်းသားလူငယ်များက နံရံကပ်စာစောင်နှင့် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်အေး(ငပလီပြန်/ဆက်)