ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်(အကြို) ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

မိုင်းရယ် မေ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီး၍ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်(အကြို) ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုပြုခန်းမ၌ ပြုလုပ်သည်။

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲသို့ အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/သူ (၂၂)ဦးက ဝင်ရောင်ယှဉ်ပြိုင်ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ကိုယ်စားပြုသည့် သစ်ပင်စိုက်ပျိုးသည့်ပုံကို စိတ်ပါဝင်စားစွာ ဆေးရောင်ခြယ်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား/သူများကို မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမြင့်အောင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာလာတို့က ဆုများကို အသီးသီးပေးအပ်ခဲ့သည်။

ယင်းနောက် ဦးစီးအရာရှိ ဒေါ်ခင်မာလာက တက်ရောက်လာကြသည့် ကျောင်းသား/သူများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပလတ်စတစ်ညစ်ညမ်းမှုအကြောင်းနှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ၊ ပလတ်စတစ်သုံးစွဲမှု လျော့ချရေးနှင့် ပြန်လည်အသုံးချရေးဆိုင်ရာများကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

၎င်းနောက် ကျောင်းသား/သူများက လူထုအခြေပြုဗဟိုပြုခန်းမ၌ ပြသထားသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြသည်။

မိုင်းရယ်(ပြန်/ဆက်)