လဲချားတွင် စိုက်ပျိုးရေးအသိပညာပေး ဟောပြောပွဲကျင်းပ

လဲချား မေ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် စိုက်ပျိုးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က မတ်လန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ပါသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှုးဦးစန်းလွင်မှ လယ်ယာမြေဥပဒေ၊ မြေလွတ်မြေရိုင်းဥပဒေနှင့် တောင်သူတစ်ပိုင်တစ်နိုင်လုပ်ပိုင်ခွင့် အခွင့်အရေးဆိုင်ရာ အကြောင်းအရာများကို ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးစိုင်းသန်းစိန်မှ သီးနှံစိုက်ပျိုးရေးဆိုင်ရာ နည်းလမ်းများကို စနစ်တကျမှန်ကန်စွာ စိုက်ပျိုးနိုင်စေရန် တောင်သူများအား အသိပညာပေး ပြောကြားခဲ့ပြီး ဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်လာသောတောင်သူများမှ သိလိုသည်များကို မေးမြန်းရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှုးမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

လဲချား(မြို့နယ် ပြန်/ဆက်)