စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင်သဘာဝဘေးအန္တရာယ်အ​ကြောင်းအသိပညာပေး ဟောပြောပွဲကျင်းပ

စဉ့်ကိုင် မေ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟုဌာန (Community Centre) ခန်းမတွင်သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက မုန်တိုင်းဖြစ်ပေါ်လာပါက ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်စဉ်တွင် လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ချိန်တွင် ရှောင်ရှားသင့်သည့် အချက်များကိုအသိပညာပေးဟောပြောခဲ့ပြီး၊ ဒေါ်ခင်စန်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်က မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင်ဖြင့် သတိပေးစနစ်များကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှပြသထားသည့် မုန်တိုင်း၏ အန္တရာယ်၊ အရောင်ဖြင့်သတိပေးစနစ်များ၊ မုန်တိုင်းဘေးအတွက်ကြိုတင်ပြင်ဆင်ရန် အချက်များ၊ မုန်တိုင်း သတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ချိန်လိုက်နာရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ရှောင်ရှားသင့်သောအချက်များကို နံရံကပ်များအားစိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြပြီး မုန်တိုင်း ဘေးအသိပညာပေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ကျော့မူယာမောင်