မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင်  ဒီဇယ်စက်ခေါင်းလျှပ်စစ်ပြင်သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ မေ ၂၄

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ဒီဇယ်စက်ခေါင်း လျှပ်စစ်ပြင်သင်တန်း အမှတ်စဉ် (၄၃၃/၂၀၂၃) များဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးမင်းချစ်ဦးက သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပြီး သင်တန်းသားသင်တန်းသူများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။ ၎င်း ဒီဇယ်စက်ခေါင်း လျှပ်စစ်ပြင်သင်တန်း အမှတ်စဉ်(၄၃/၂၀၂၃)ကို သင်တန်းသားသင်တန်းသူ ၁၂ ဦး တက်ရောက်ပြီး  သင်တန်းကာလမှာ ရက်သတ္တပတ် ၁၁ ပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)