ရွာငံ မေ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ကျွန်းကြီးကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာ၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုအရ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့နံနက် (၁၀)နာရီက အဆိုပါကျေးရွာရှိ ရွာလယ်ခန်းမ၌ ကျင်းပခဲ့သည်။
တွေ့ဆုံပွဲတွင် ရွာငံမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသော ပြည်သူများအား နှာခေါင်းစည်း Mask များ အသီးသီးပေးဝေခဲ့ကြပြီး စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားပါသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကျော်ကျော်ဝင်းက နိုင်ငံရေးအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၁၂ ရပ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်ဦးက ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများ၊ မူးယစ်ဆေးဝါးရောင်းဝယ်/ သုံးစွဲနှင့်မူးယစ်ရမ်းကားခြင်း ဥပဒေဆိုင်ရာများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက်သက်ဆိုင်သည့် လုပ်ငန်းများအားရှင်းလင်းကြပြီး တက်ရောက်လာကြသော ပြည်သူများက သိရှိလိုသည်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်းမတ်များ၊ လက်သန့်ဆေးရည်များကို ကျွန်းကြီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့သည်။
မြို့နယ်(ပြန်/ဆက်)